
ကြံ့ခိုင်သောမိခင်တစ်ဦး၏ ပျော်ရွှင်သောသားငယ်လေး
(၁၁) နှစ်အရွယ်မြင့်မြတ်သည် လေးတန်းတွင် ပညာသင်ကြားနေပါသည်။ အစ်မဖြစ်သူ ၁၈ နှစ်အရွယ် ဝဿန်ဦးမှာ တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်ထားပါသည်။ သူမသည် ဝေါလ်ဗီးရှင်းမြန်မာ၏ စံကလေးတစ်ဦးလည်း ဖြစ်ခဲ့ဖူးသူဖြစ်ပါသည်။ ထိုမောင်နှမ၏လိုအပ်ချက်များကို သူတို့၏မိခင်ဖြစ်သူယဉ်ယဉ်မှ တစ်ကိုယ်တည်းရုန်းကန်ပြီး ဖြည့်ဆည်းပေးလျက်ရှိပါသည်။ သူတို့သားအမိသည် မွန်ပြည်နယ်၊ သံဖြူဇရပ်တွင် နေထိုင်ကြပါသည်။