မိခင်တစ်ယောက်၏ခွန်အား

အင်္ဂါနေ့, မေလ 3, 2022
Daw Ngwe Thi_Myeik
အင်္ဂါနေ့, မေလ 3, 2022

တဘတ်ရွာ၊ မြိတ်မြို့နယ်တွင်နေထိုင်သော ၃၆နှစ်အရွယ် မငွေသီသည် မိမိတစ်ကိုယ်တည်းအင်အားဖြင့် သူ၏သမီးလေးများ အိရွှေဇင်နှင့်အိဇင်ဖြိုးတို့ကို ပြုစုပျိုးထောင်ပေးနေပြီး သမီးနှစ်ဦး၏ပညာရေးနှင့် စားဝတ်နေရေးအတွက် ဂန္ဓမာပန်းစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ပါသည်။ ပန်းစိုက်ပျိုးခြင်းသည် သူမနှစ်သက်သော အလုပ်အကိုင်လည်းဖြစ်ပါသည်။ သူမသည် ဝေါလ်ဗီရှင်းမှ ပို့ချပေးသော မွေးမြူရေးသင်တန်းကို တက်ရောက်ခွင့်ရခဲ့ပြီး ပန်းစိုက်ပျိုးရေးလုပ်ငန်းတစ်ခုတည်းနှင့် အဆင်မပြေခဲ့သောကြောင့် အပိုဝင်ငွေအတွက် ဝက်မွေးမြူရေးကို ထပ်မံလုပ်ကိုင်ခဲ့ပါသည်။ ပန်းလုပ်ငန်းအဆင်မပြေသောကြောင့် ရပ်နားလိုက်ပြီး ဝက်မွေးမြူရေးကို ပြောင်းလဲလုပ်ကိုင်ခဲ့ပါသည်။ ထိုလုပ်ငန်းအတွက် သူမသည် ရင်းနှီးငွေလိုအပ်ခဲ့သဖြင့် အိမ်နီးချင်းများထံမှ ချေးယူချိန်တွင်  အတိုးနှုန်းများခြင်းအခက်အခဲနှင့် ကြုံတွေ့ခဲ့ရပါသည်။

၂၀၂၀တွင် ငွေသီသည် ညီမဖြစ်သူထံမှတစ်ဆင့် ဗွီးရှင်းဖန်း(ဒ်)မြန်မာကို သိခဲ့ရသည့်အချိန်မှာတော့ ဗွီးရှင်းဖန်း(ဒ်)မြန်မာ ဝန်ထမ်းမျာ၏ ကြိုဆိုမှု၊ ဖော်ရွေမှုနှင့် အလွယ်တကူဆက်ဆံနိုင်မှုတွေကို သူမသည်တွေ့ခဲ့ရပြီးနှစ်သက်ခဲ့ပါသည်။ ထိုနောက် သူမသည် ပထမဆုံးချေးငွေ ၈၀၀,၀၀၀ကျပ် (၄၃၂ အမေရိကန်ဒေါ်လာ) ကို ဝက်စာဝယ်ရန်နှင့် ဝက်ခြံဆောက်ရန်ထုတ်ယူခဲ့ပါသည်။ ဒုတိယချေးငွေ ၁,၂၀၀,၀၀၀ကျပ် (၆၄၈ အမေရိကန်ဒေါ်လာ) ဖြင့် သူမသည် ဝက်စာပိုမိုဝယ်ယူခဲ့ပြီး သူမပေးရန်ကျန်ခဲ့တဲ့ အကြွေးတွေကိုလည်း ဆပ်နိုင်ခဲ့ပါသည်။ ထို့အပြင် ပန်းစိုက်ပျိုးရေးလုပ်ငန်းကို ပြန်လည်စတင်နိုင်ခဲ့ပါသည်။

ကျွန်မလုပ်ငန်းကတော့ ပြန်စနေပါပြီ။ ကျွန်မဝါသနာပါတဲ့ ပန်းစိုက်ပျိုးခြင်းကို ပြန်လုပ်ရတဲ့အတွက် အရမ်းဝမ်းသာတယ်။ ပန်းလုပ်ငန်းကို ပြန်စနိုင်တာတစ်ခုတည်းမဟုတ်ဘဲ မြေဧက တစ်ဧက ကနေ နှစ်ဧကိုပါ ထပ်တိုးချဲ့ လုပ်ကိုင်နိုင်ခဲ့ပါတယ်။ ချေးငွေကို လုပ်ငန်းအတွက်လိုအပ်တဲ့ မြေသြဇာ၊ ပိုးသတ်ဆေးနဲ့ စိုက်ပျိုးရေးသုံးပစ္စည်းတွေအတွက် ရင်းနှီးထားတယ်။ တစ်ချိန်တည်းမှာပဲ အချို့ကို ဝက်ခြံဆောက်ဖို့အတွက် သုံးလိုက်ပါတယ်။

Daw Ngwe Thi Myeik 02

 

ကမ္ဘာကပ်ရောဂါ ဖြစ်ပွားလာချိန်မှာတော့ ငွေသီ၏လုပ်ငန်းများကိုလည်း ထိခိုက်လာခဲ့ပါသည်။ ဝက်ဈေးတွေ ကျဆင်းလာခဲ့သည်။ ထိုကြောင့်သူမသည် ထိုကာလများတွင် ဝက်သားပေါက်များ ပိုဈေးရသဖြင့် ဝက်ကိုအရွယ်ကြီးသည်အထိ မမွေးတော့ဘဲ ဝက်ပေါက်ကလေးတွေကို ရောင်းချခဲ့ပါသည်။

“ဗွီးရှင်းဖန်း(ဒ်)မြန်မာကနေ ရရှိတဲ့ချေးငွေတွေနဲ့ ကျွန်မလုပ်ငန်းတွေ ဆက်လုပ်ဖို့ ယုံကြည်မှုအပြည့်ရှိတယ်။ သမီးလေးတွေကို အဆင်ပြေတဲ့ဘဝနဲ့ ပိုမိုကောင်းမွန်တဲ့အနာဂတ်ကို ပေးနိုင်ဖို့အတွက် အရာအားလုံးကို ကျွန်မလုပ်ဆောင်သွားမှာပါ။ သမီးလေးတွေကို တက္ကသိုလ်ပညာရေးပြီးမြောက်ပြီး သူတို့ရဲ့အိပ်မက်တွေတကယ်ဖြစ်လာစေချင်တယ်။”