စဉ်းစားမျှော်မြင်တတ်သော ဖခင်တစ်ဦး

ဗုဒ္ဓဟူးနေ့, ဇွန်လ 15, 2022
Mar Mauk Yaw Phe_Rakhine
ဗုဒ္ဓဟူးနေ့, ဇွန်လ 15, 2022

ကိုဗစ်-၁၉ ကာလတွင် ကျွန်တော်တို့ဝင်ငွေလျော့နည်းသွားပြီး ဝင်ငွေကောင်းကောင်းမရှိခဲ့ဘူး။ အဲဒီအချိန်မှာ ဗွီးရှင်းဖန်း(ဒ်)ဟာ ကျွန်တော်တို့ကို လိုက်လျောညီထွေရှိတဲ့ ချေးငွေပြန်ဆပ်မှုပုံစံနဲ့ ကျွန်တော်တိုရဲ့ အခြေအနေနဲ့ကိုက်ညီမယ့် ချေးငွေတွေကို ပြန်လည်စီစဉ်ပေးပြီးတော့ ဆက်လက်ထုတ်ချေးပေးခဲ့ပါတယ်။

မာမောက်ရောဖေ (၃၉ နှစ်) သည် စစ်တွေမြို့နယ် ပျင်းရှဲကျေးရွာတွင် သူ၏အမျိုးသမီး အားမီနာ (၃၃ နှစ်)နှင့် သားသမီး ငါးဦးတို့နှင့်အတူ နေထိုင်ပါသည်။ မာသည် အုတ်လုပ်ငန်းတွင် နေ့စားအလုပ်သမားအဖြစ်လုပ်ကိုင်ပြီး တစ်နေ့လျှင် ၈,၀၀၀ မှ ၁၀,၀၀၀ ကျပ်မျှသာရရှိကာ ထိုလုပ်အားခကိုသာ တစ်မိသားစုလုံးစားဝတ်နေရေးအတွက် မှီခိုခဲ့ရပါသည်။

မာသည် ရာသီအလိုက်သာလုပ်ရပြီး ထိုဝင်ငွေအနည်းငယ်ဖြင့် မိသားစုကိုထောက်ပံ့ရန် ခက်ခဲစွာရုန်းကန်ခဲ့ရပါသည်။ အထူးသဖြင့် အုတ်လုပ်ငန်းရပ်နားသောကာလဖြစ်သည့် မိုးရာသီ၌ အလုပ်အကိုင်မရှိသောအခါတွင် သူ့အတွက်ပိုမိုခက်ခဲခဲ့ပါသည်။ အခြားနေ့စားအလုပ်ရှာတွေ့ဖို့သည်လည်း အလွန်ခက်ခဲခဲ့ပါသည်။ မာသည် မိမိကိုယ်ပိုင်လုပ်ငန်းစတင်ချင်ခဲ့သော်လည်း အရင်းအနှီးငွေမရှိသည့်အခက်အခဲကို ရင်ဆိုင်ခဲ့ရပါသည်။ သူတို့မြို့နယ်တွင် တရားဝင်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများမရှိခဲ့ဘဲ ရပ်ကွက်ငွေတိုးချေးစားသူများသည် အတိုးနှုန်းအလွန်မြင့်မားစွာဖြင့် ချေးငွေပေးခဲ့ကြပါသည်။ 

၂၀၁၈ ခုနှစ်မှာတော့ ဗွီးရှင်းဖန်း(ဒ်)မြန်မာနှင့် Livelihood and Food Security Trust Fund (LIFT) တို့ပူးပေါင်းပြီး စစ်ဘေးဒုက္ခသည်နှင့် စစ်ဘေးသင့်သောနေရာဒေသမှ မိသားစုများအပါအဝင် ထိရှလွယ်သောလူ့အဖွဲ့အစည်းများကို ၎င်းတို့၏ စီးပွားရေးအခွင့်အလမ်းများဖန်းတီးရာ၌ ပါဝင်ကူညီပေးရန် လက်လှမ်းမီသော ငွေကြေးဝန်ဆောင်မှုလုပ်ငန်းကို ရခိုင်ပြည်နယ်တွင် တိုးချဲ့​ခဲ့ပါသည်။ မာသည် ထိုအစီအစဉ်၏ ပထမဆုံးအသင်းသားဖြစ်ခဲ့ပါသည်။

သူသည် ပထမဆုံးချေးငွေ ၃၀၀,၀၀၀ ကျပ်ကို ဆိတ်မွေးမြူရေးလုပ်ငန်းစတင်ရန် အသုံးပြုခဲ့ပါသည်။ ဆိတ်ကလေးနှစ်ကောင် ဝယ်ယူခဲ့ပြီး ထိုနှစ်ကောင်မှ ခြောက်ကောင်အထိတိုးချဲ့မွေးမြူနိုင်ခဲ့ပါသည်။ သူ၏ ဒုတိယချေးငွေ ၆၀၀,၀၀၀ ကျပ်ဖြင့် သူ့အမျိုးသမီး အားမီနာအတွက် အခြေခံစားသောက်ကုန်များဖြစ်တဲ့ ကြက်သွန်နီ၊ဖြူ၊ ဆား၊ ငရုတ်နှင့် အခြားမုန့်မျိုးစုံရောင်းသော ကုန်စုံဆိုင်ဖွင့်ပေးခဲ့ပါသည်။ ထိုကုန်စုံဆိုင်မှ တစ်နေ့ဝင်ငွေ ၂၀,၀၀၀ က​နေ ၄၀,၀၀၀ ကျပ်အထိရရှိပါသည်။ သို့သော်လည်း ထိုဆိုင်၏ရောင်းအားသည် ကပ်ရောဂါဖြစ်ပွားမှုမြင့်တက်နေသည့်အချိန်တွင် ဝယ်လိုအားကျဆင်းမှုကြောင့် ထိခိုက်မှုများရှိခဲ့ပြီး အခြေခံလူသုံးကုန်များ ပြတ်လပ်မှုများလည်း မြင့်တက်လာပါသည်။ ကုန်စုံဆိုင်အများစုတွင် ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်နေသော်လည်း အားမီနာသည် သူမ၏ဖောက်သည်များကို ထိန်းထားရန်နှင့် ကောင်းမွန်သောဆက်ဆံရေး တည်ဆောက်ရန်အတွက် ပုံမှန်ဈေးနှုန်းများဖြင့်သာ ရောင်းချပေးခဲ့ပါသည်။

“မကြာသေးမီကရရှိထားတဲ့ တတိယမြောက်ချေးငွေနဲ့ ကျွန်တော် ဆိုင်ကယ်တစ်စီးဝယ်လိုက်ပါတယ်။ ပြီးတော့ ခရီးသည်နဲ့ ကုန်တင်တဲ့လုပ်ငန်းလုပ်နိုင်ဖို့ သုံးဘီးဆိုင်ကယ်အဖြစ် ပြောင်းလဲပြင်ဆင်လိုက်ပါတယ်။ ဒီလုပ်ငန်းကနေ တစ်နေ့ဝင်ငွေ ၅၀၀၀ ကနေ ၁၅၀၀၀ အထိရရှိပါတယ်” ဟု မာပြောပြခဲ့ပါသည်။

“ကိုဗစ်-၁၉ ကာလတွင် ကျွန်တော်တို့ဝင်ငွေလျော့နည်းသွားပြီး ဝင်ငွေကောင်းကောင်းမရှိခဲ့ဘူး။ အဲဒီအချိန်မှာ ဗွီးရှင်းဖန်း(ဒ်)ဟာ ကျွန်တော်တို့ကို လိုက်လျောညီထွေရှိတဲ့ ချေးငွေပြန်ဆပ်မှုပုံစံနဲ့ ကျွန်တော်တိုရဲ့ အခြေအနေနဲ့ကိုက်ညီမယ့် ချေးငွေတွေကို ပြန်လည်စီစဉ်ပေးပြီးတော့ ဆက်လက်ထုတ်ချေးပေးခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ဘဝတွေကို ဗွီးရှင်းဖန်း(ဒ်)ရဲ့ ငွေကြေးဝန်ဆောင်မှုနဲ့ ပြောင်းလဲနိုင်ခဲ့ပါတယ်။ အခုဆိုရင် ကျွန်တော်ဇနီးနဲ့ ကျွန်တော် ကိုယ်စီ ကိုယ်ပိုင်စီးပွားရေးတွေ ရှိနေပါပြီ။ ပြီးတော့ မိသားစုလိုအပ်ချက်နဲ့ ကလေးများအတွက် ပညာ​ရေးကိုပါ ထောက်ပံ့ပေးနိုင်နေပြီဖြစ်ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ကပ်ဘေးရောဂါတွေအတွက်လည်း လိုအပ်တဲ့ဆေးဝါးနဲ့ ကုသစရိတ်တွေကိုလည်း လိုအပ်လာရင်သုံးစွဲဖို့ ပြင်ဆင်ထားနိုင်လို့ ကျွန်တော်စိတ်သက်သာရာရပါတယ်။”

မာသည် အနာဂတ်တွေ အိမ်ဆောက်နိုင်ရန်နှင့် ဆိတ်လုပ်ငန်း ပိုမိုတိုးချဲ့ဖို့ စီစဉ်ဆောင်ရွက်နေပါသည်။ အားမီနာမှာ သူမ၏ ကုန်စုံဆိုင်ကို တိုးချဲ့နိုင်ဖို့ရန် ကြိုးစားနေပါသည်။ 

မာသည် လွန်ခဲ့သော သုံးနှစ်အတွင်း VFM ဝန်ဆောင်မှုပေးခဲ့သော ရခိုင်ပြည်နယ်ရှိ ဖောက်သည် ၁၄,၁၀၀ ကျော်ထဲမှ တစ်ဦးဖြစ်ပါသည်။