Benefits of using mobile wallet and mobile agents

မိုဘိုင်းလ်ဝေါလက်နှင့် မိုဘိုင်းလ်အေးဂျင့်များ အသုံးပြုခြင်း၏အကျိုးကျေးဇူးများ

ဒစ်ဂျစ်တယ်ခေတ်မှာ သင့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လွယ်ကူမြန်ဆန်စေဖို့ ဒစ်ဂျစ်တယ်နည်းပညာကို အကျိုးရှိစွာအသုံးချတတ်ဖို့ လိုအပ်ပါတယ်။

အရင်တုန်းကဆိုရင် မိမိရဲ့ မိသားစု ဒါမှမဟုတ် လုပ်ငန်းအတွက် ငွေလွှဲ/ငွေထုတ် လုပ်ဖို့လိုလာတဲ့အခါ အချိန်ကုန်ခံ၊ လူအပင်ပန်းခံကာ ဘဏ်ရှိတဲ့နေရာအထိသွားပြီး ငွေလွှဲ/ငွေထုတ်ကို လုပ်ကြရပါတယ်။ အခုဆိုရင် “မိုဘိုင်းလ်ဝေါလက်” လို့ခေါ်တဲ့ “သင့်ရဲ့ လက်ကိုင်ဖုန်းထဲက ပိုက်ဆံအိတ်” ကနေတစ်ဆင့် ငွေလွှဲ/ငွေထုတ်ခြင်းတွေအပြင်  လျှပ်စစ်မီတာခနဲ့ အခြားဘေလ်ပေးဆောင်ခြင်းတို့ကို အလွယ်တကူနဲ့ အချိန်တိုအတွင်း သက်တောင့်သက်သာနဲ့ လုပ်ဆောင်နိုင်နေပါပြီ။ ဒါ့အပြင်  နီးစပ်ရာ မိုဘိုင်းလ်အေးဂျင့်တွေဆီမှာ အလွယ်တကူ ငွေလွှဲ/ငွေထုတ်ပြုလုပ်နိုင်တဲ့ မိုဘိုင်းလ်ငွေကြေး ဝန်ဆောင်မှုတွေကိုလည်း နေရာတိုင်းမှာ အလွယ်တကူရရှိနေပြီဖြစ်ပါတယ်။

မိုဘိုင်းလ်ဝေါလက်နဲ့ မိုဘိုင်းလ်အေးဂျင့် ကိုအသုံးပြုခြင်းရဲ့ အားသာချက်တွေကတော့

  • ငွေသားကိုင်ဆောင်စရာမလိုဘဲ၊ အကြွေလဲလှယ်ခြင်းတွေအတွက် စိုးရိမ်စရာမလိုတော့ဘဲ ဖုန်းနံပါတ်သိရုံနဲ့ လုပ်ဆောင်နိုင်ပါတယ်။
  • မိုဘိုင်းလ်ဝေါလက်ကို ပိတ်ရက်မရှိ ၂၄ နာရီပတ်လုံး အသုံးပြုနိုင်တဲ့အတွက် ဖုန်းဘေလ်ဖြည့်ခြင်းနဲ့ အခြားအသုံးစရိတ်ပေးချေတာတွေကို အချိန်မရွေးလုပ်ဆောင်နိုင်ပါတယ်။ (ဘဏ်ပိတ်ရက်တွေအတွက်လည်း စိတ်ပူစရာမလိုတော့ဘူးပေ့ါ။)
  • မိမိနဲ့နီးစပ်ရာ မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုတွေပေးနေတဲ့ အေးဂျင့်ဆိုင်တွေကနေလည်း ငွေလွှဲ/ငွေထုတ်တွေကို ပြုလုပ်နိုင်ပြီဖြစ်လို့ ဘဏ်အထိသွားစရာမလိုဘဲ လမ်းခရီးစရိတ် သက်သာနိုင်ပါတယ်။
  • ဒါ့အပြင် ဗွီးရှင်းဖန်း(ဒ်)မြန်မာရဲ့ ချေးငွေပြန်လည်ပေးသွင်းမှုတွေကို Kpay, Wave Money, True Money နဲ့ MPT Pay ရဲ့မိုဘိုင်းလ်ဝေါလက် ဒါမှမဟုတ် နီးစပ်ရာမိုဘိုင်းလ်အေးဂျင့်ဆိုင်တွေကနေ ပြုလုပ်နိုင်ပါပြီ။

မိုဘိုင်းလ်ဝေါလက်နဲ့ မိုဘိုင်းလ်အေးဂျင့်ဆိုင်တွေကနေ ဗွီးရှင်းဖန်း(ဒ်)မြန်မာကို ချေးငွေပြန်လည်ပေးသွင်းတာနဲ့ ပတ်သက်ပြီး ပိုမိုသိရှိချင်တယ်ဆိုရင် ဗွီးရှင်းဖန်း(ဒ်)မြန်မာရဲ့ အသင်းသားဝန်ဆောင်မှုဌာနကို ဖုန်းနံပါတ် 09 750067002 မှတစ်ဆင့် ရုံးဖွင့်ရက်တွေမှာ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

မိုဘိုင်းလ်ဝေါလက်အသုံးပြုခြင်းနဲ့ဆက်စပ်တဲ့ သိကောင်းစရာတွေကို ဒီနေရာမှာ နှိပ်ပြီး ဖတ်ရှုလေ့လာနိုင်ပါတယ်။