ပိုမိုကောင်းမွန်သော အခွင့်အလမ်းများနှင့် တိုးတက် ပြောင်းလဲလာသောလူမှုဘဝများ

ပိုမိုကောင်းမွန်သော အခွင့်အလမ်းများနှင့် တိုးတက် ပြောင်းလဲလာသောလူမှုဘဝများ

ဗွီးရှင်းဖန်း(ဒ်)၏ ငွေကြေးဝန်ဆောင်မှုများသည် မြန်မာနိုင်ငံရှိ လူမှုအသိုင်းအဝိုင်းများအတွက် တိုးတက်ပြောင်းလဲမှုတွေကို ဖော်ဆောင်လျက်ရှိပါသည်။
ပိုမိုလေ့လာရန်
Rural Agriculture MM

Rural Agriculture

ကျေးလက်ဒေသ စိုက်ပျိုးရေး

စိုက်ပျိုးရေးသည် မြန်မာ့စီးပွားရေး၏ အဓိကကျောရိုးဖြစ်ပြီး တိုင်းပြည်ပို့ကုန်၏ ၃၂ ရာခိုင်နှုန်းရှိသည်။ မြန်မာနိုင်ငံလူဦးရေ၏ ၆၉ ရာခိုင်နှုန်းကျော်သည် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး အများစုမှာ လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြပါသည်။

ဗွီးရှင်းဖန်း(ဒ်)သည် ရေရှည်တည်တံ့ခိုင်မြဲပြီး အကျိုးဖြစ်ထွန်းသော ကြီးမားသည့် စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးအရင်းအနှီးထုတ်ပေးခြင်း၊ ဈေးကွက်သို့ဝင်ရောက်ခြင်းနှင့် နည်းပညာပံ့ပိုးမှုများပေးခြင်းဖြင့် ကြိုးပမ်းလုပ်ဆောင် လျက်ရှိပါသည်။

ကျေးလက်ဒေသရှိ တောင်သူလယ်သမားများ၏ ဘဝတိုးတက်ရေးအတွက် တည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်သော စိုက်ပျိုးရေးကဏ္ဍ ဖြစ်ပေါ်လာစေရေးကို ဗွီးရှင်းဖန်း(ဒ်)မြန်မာအနေဖြင့် စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်လျက်ရှိပါသည်။

အနာဂတ် မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးအသိုက်အဝန်းအားကောင်းလာစေရန်နှင့် ပြည့်စုံကြွယ်ဝပြီး စားနပ်ရိက္ခာဖူလုံရေးအတွက်   အတူတကွ လုပ်ဆောင်ကြပါစို့။
Recovery Lending MM

Recovery Lending

လုပ်ငန်းပြန်လည်ထူထောင်ရေး ချေးငွေ

ကျွန်ုပ်တို့၏ လုပ်ငန်းပြန်လည်ထူထောင်ရေးချေးငွေသည် သဘာဝဘေးအန္တရာယ်များနှင့် လူလုပ်ဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်လာသော စီးပွားရေးလှုပ်ခတ်မှုများကို ထိခိုက်ခံစားနေရသည့် ကျေးလက်ဒေသရှိ တောင်သူလယ်သမားများနှင့် အသေးစား စီးပွားရေးလုပ်ငန်းများ၏ လုပ်ငန်းဝင်ငွေ ပြန်လည်ထူထောင်ရေးကို ပံ့ပိုးလုပ်ဆောင်ပေးခြင်းဖြစ်သည်။

မကြာသေးမီက လုပ်ဆောင်ခဲ့သည့် အစီအစဉ်များ

  • ကိုဗစ် ၁၉ တုံ့ပြန်မှု ။     ။ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှု ပြင်းထန်သောကာလများတွင် စုငွေများ လွယ်လင့်တကူ ပြန်လည်ထုတ်ပေးခြင်း၊ ချေးငွေပြန်လည်ပေးဆပ်ရမည့် အချိန်ကာလတို့ကို ပြန်လည်ညှိနှိုင်းရေးဆွဲပေးခြင်းနှင့် ချေးငွေထုတ်ပေးခြင်းများဖြင့် အသင်းသားများ၏ ငွေကြေးလိုအပ်ချက်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ပါသည်။ ဝေါလ်ဗွီးရှင်း၏ ကိုဗစ် ၁၉ ဆိုင်ရာ အရေးပေါ်တုံ့ပြန်မှုအစီအစဉ်တွင် ပူးပေါင်းဆောင်ရွက်မှုများနှင့်အတူ ထိခိုက်လွယ်ဖြစ်သော  အိမ်ထောင်စုများ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများနှင့် နေထိုင်မှုအခြေအနေများကို ကာကွယ်နိုင်ခဲ့ပြီး ပြန်လည်ထူထောင်ရေးနှင့် ရေရှည်အကျိုးစီးပွား ဖြစ်ထွန်းနိုင်ရန်အတွက်လည်း ကြိုးပမ်းလုပ်ဆောင်ခဲ့ပါသည်။
  • သဘာဝဘေးအန္တရာယ်တုန့်ပြန်မှု     ။ ဤအစီအစဥ်သည် မကြာသေးမီက ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစားရသော အိမ်ထောင်စုများ၏ ပြန်လည်ထူထောင်ရေးအတွက် ချေးငွေ၊ စုငွေနှင့် ငွေကြေးဆိုင်ရာအသိပညာပေး ဝန်ဆောင်မှုများကို ပိုမိုတိုးမြှင့်ထောက်ပံ့ပေးခြင်းဖြင့် ၎င်းတို့၏ ဆုံးရှုံးပျက်စီးသွားသည့် နေအိမ်များကို ပြန်လည်ပြုပြင်နိုင်ခြင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ပြန်လည်ထူထောင်နိုင်ခြင်း အစရှိသည်တို့တွင် ပါဝင်လုပ်ဆောင်ပေးနေပါသည်။ 
ဗွီးရှင်းဖန်း(ဒ်)မြန်မာ၏ ယခုပြောင်းလဲမှု ဆောင်ရွက်ချက်တွင်ပါဝင်ပြီး ရိုက်ခတ်မှုများကို ခံစားနေရသော မြန်မာနိုင်ငံရှိ လူမှုအသိုင်းအဝိုင်းများအား ခံနိုင်ရည်ရှိရေးနှင့် ကျယ်ပြန့်စွာတိုးတက်ရေးတို့ကို မြှင့်တင်ကူညီလိုက်ပါ။
Innovation

Innovation

ဆန်းသစ်တီထွင်မှု

အသင်းသားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စဥ်ဆက်မပြတ် ဆန်းသစ်တီထွင်မှုများကို ဗွီးရှင်းဖန်း(ဒ်)အနေဖြင့် ကြိုးစားလုပ်ဆောင်လျက်ရှိသည်။

  • ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး     အသင်းသားများ၏ စိတ်ကျေနပ်မှု တိုးတက်လာစေရန်၊ လုပ်ငန်းလည်ပတ်မှုများ တွင်ကျယ်စေရန်နှင့် ချဲ့ထွင်လုပ်ဆောင်နိုင်ရန် ဗွီးရှင်းဖန်း(ဒ်)အနေဖြင့် စဉ်ဆက်မပြတ် တိုးတက်ဖြစ်ထွန်းလျက်ရှိသည့် နည်းပညာများကို အသုံးပြုလျက်ရှိပါသည်။ မကြာသေးမီက လုပ်ဆောင်မှုများကို ပြရမည်ဆိုလျှင်  ချေးငွေလျှောက်ထားမှုများ၊ ချေးငွေချထားပေးမှုများနှင့် ချေးငွေပြန်လည်ပေးချေခြင်း လုပ်ငန်းစဉ်များကို ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ကွင်းဆင်းဝန်ထမ်းများအားလုံးအား မိုဘိုင်းတက်ဘလက်ကိရိယာများ တပ်ဆင်ပေးခြင်း၊  အချိန်ကုန်ပြီး တွင်ကျယ်မှုမရှိသော ငွေသားပြန်လည်ကောက်ယူမှု လိုအပ်ချက်ကို လျှော့ချရန် အသင်းသားများကို ဒစ်ဂျစ်တယ်ငွေပေးချေမှု လမ်းကြောင်းအမျိုးမျိုးဖြင့် ပံ့ပိုးလုပ်ဆောင်ပေးမှု တို့ပါဝင်ပါသည်။
  • ငွေစုအဖွဲ့များ၏ ချေးငွေ    ။ ကျေးလက်ဒေသရှိ ငွေစုအဖွဲ့များအား ကိုယ်တိုင်ကိုယ်ကျ ရေရှည်တည်တံ့မှုနှင့် အကျိုးဖြစ်ထွန်းမှုကို တိုးမြှင့်ခြင်းအားဖြင့် ၄င်းတို့၏စုငွေများ တိုးပွားစေရန်အတွက် လှည့်ပတ်ရန်ပုံငွေ စုငွေအဖွဲ့ အသွင်ကူးပြောင်းရေး (FAST) အစီအစဥ်မှတဆင့် ထပ်တိုးရင်းနှီးငွေများကို ပံ့ပိုးပေးပါသည်။
  • စိမ်းလန်းသောငွေကြေးဝန်ဆောင်မှု    ဗွီးရှင်းဖန်း(ဒ်)မြန်မာ၏ လုပ်ဆောင်ချက်များသည် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲမှုအပေါ် အကျိုးသက်ရောက်မှုရှိစေရမည် ဟူသောကတိကဝတ်နှင့်အညီ ကျွန်ုပ်တို့သည် မုတ္တမပင်လယ်ကွေ့ စိမ်းလန်းစိုပြေရေးစီမံကိန်းကဲ့သို့သော လုပ်ရှားဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိသည်။ ထိုစီမံကိန်းတွင် ဗွီးရှင်းဖန်း(ဒ်)မြန်မာမှ မုတ္တမပင်လယ်ကွေ့ကမ်းရိုးတန်းဒေသရှိ မိသားစုများကို စီးပွားရေးဆိုင်ရာ ငွေကြေးအရင်းအနှီး ဝန်ဆောင်မှုများပံ့ပိုးခြင်းဖြင့် ထိုဒေသရှိငါးဖမ်းလုပ်ငန်းလုပ်ကိုင်ကြသော အိမ်ထောင်စုများကို တာဝန်သိငါးဖမ်းခြင်းဆိုင်ရာ အလေ့အကျင့်များကို ပံ့ပိုးကူညီလျက် ကမ်းရိုးတန်းဂေဟစနစ်နှင့် ကျေးလက်ကမ်းရိုးတန်းဒေသခံများ၏ အသက်မွေးဝမ်းကြောင်းများကို အကာအကွယ်ပေးပါသည်။
Financial Inclusion

Financial Inclusion

လက်လှမ်းမီနိုင်သော ငွေကြေးဝန်ဆောင်မှု

မြန်မာနိုင်ငံတွင် အရွယ်ရောက်ပြီးလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် တရားဝင်ငွေရေးကြေးရေးနှင့် ဘဏ်ဝန်ဆောင်မှုများကို လက်လှမ်းမီမှုမရှိသေးဘဲ မိမိတို့ရပ်ရွာရှိ အလွတ်သဘောငွေကြေးလုပ်ငန်းများကိုသာ အသုံးပြုလျက်ရှိသည်။ ကျွန်ုပ်တို့သည် ထိရှလွယ်သောအခြေအနေများတွင် လုပ်ငန်းများကိုလုပ်ဆောင်နေသည့် နိုင်ငံအနှံအပြားတွင် ကွန်ယက်ဖြန့်ကျက်ထားသော လူမှုအကျိုးပြု အသေးစားငွေကြေးဝန်ဆောင်မှုအဖွဲ့အစည်း၏ တစ်စိတ်တစ်ပိုင်းတစ်ခုဖြစ်ပြီး တရားဝင်ငွေကြေးဝန်ဆောင်မှုများနှင့် လက်လှမ်းမမီနိုင်သော လူမှုအသိုက်အဝန်းများ အထူးသဖြင့် လယ်သမားများ၊ ဝင်ငွေနည်းပါးသော အမျိုးသမီးများ၊ ပဋိပက္ခဒဏ်ခံရသော အသိုင်းအဝန်းများ၊ မသန်စွမ်းသူများ၊ နေရပ်ရွှေ့ပြောင်းနေထိုင်ရသူများနှင့် ရွှေ့ပြောင်း စက်ရုံအလုပ်သမားများအတွက် အထူးအလေးထားဆောင်ရွက်ပေးလျက်ရှိသည်။ ကျွန်ုပ်တို့ ဝန်ဆောင်မှုပေးလျက်ရှိသော အသင်းသားများ၏ စီးပွားရေးလုပ်ငန်းများ အောင်မြင်ပြီးဖွံ့ဖြိုးတိုးတက်စေရန် ငွေကြေးဆိုင်ရာ အသိပညာ၊ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ အသိပညာနှင့် စီးပွားရေးစီမံခန့်ခွဲမှု ဗဟုသုတများကို ကျွန်ုပ်တို့၏ ငွေကြေးဝန်ဆောင်မှုများမှတဆင့် ဖြန့်ဝေပေးလျက်ရှိပါသည်။

အားလုံးလက်လှမ်းမီနိုင်သော ငွေကြေးဝန်ဆောင်မှုများ ပိုမိုဖော်ဆောင်နိုင်ရန် ဗွီးရှင်းဖန်း(ဒ်)မြန်မာနှင့် လက်တွဲလိုက်ပါ။
Impact

Impact

အကျိုးသက်ရောက်မှု

ဗွီးရှင်းဖန်း(ဒ်)သည် လက်လှမ်းမီနိုင်သော ဘဏ္ဍာရေးဝန်ဆောင်မှု၊ ကလေးများ၏ ကျမ်းမာပျော်ရွှင်မှုနှင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးတို့ကို အဓိကထားလျက် အားလုံးပိုမိုပါဝင်နိုင်ပြီး ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့ ဦးတည်လုပ်ဆောင်လျက်ရှိပါသည်။

ထို့အတွက်ကြောင့် ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများသည် အသင်းသားများ၏လူမှုဘဝများအပေါ်သို့ မည်သို့သက်ရောက်မှုရှိသည်ကို ပုံမှန်လေ့လာစောင့်ကြည့် လုပ်ဆောင်လျက်ရှိပါသည်။

  • ကလေးငယ်၏ ကျန်းမာပျော်ရွှင်မှု ။    ။ ကျွန်ုပ်တို့၏ ငွေကြေးဝန်ဆောင်မှုများဖြစ်သော ချေးငွေများ၊ စုဆောင်းငွေများနှင့် အာမခံထုတ်ကုန်များ အားလုံးမှတဆင့် ကလေးငယ်များ၏ ကျန်းမာပျော်ရွှင်မှုကို ဖော်ဆောင်ရေးသည် ဗွီးရှင်းဖန်း(ဒ်)၏အခြေခံအုတ်မြစ်ဖြစ်သည် ကျွန်ုပ်တို့၏ ငွေကြေးဝန်ဆောင်မှုများသည် ကလေးများငယ်များနှင့် မိသားစုများ၏ ကျန်းမာပျော်ရွှင်မှုအပေါ် ကောင်းမွန်သော အကျိုးသက်ရောက်မှုများရှိစေရန် ကတိပြုထားပါသည်။ ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုများကို လက်လှမ်းမီပြီး ဝင်ငွေတိုးသော အိမ်ထောင်စုတွင် နေထိုင်ရသော ကလေးတစ်ယောက်သည်  အာဟာရပြည့်ဝသောအစားအစာ၊ သန့်ရှင်းသောရေ၊ သင့်တင့်လျောက်ပတ်သော ပညာရေးနှင့် သူတို့ကြီးပြင်းလာစေရန် လိုအပ်သော ကျန်းမာရေးဝန်ဆောင်မှုများ ပိုမိုရရှိရန် အလားအလာများပါသည်။

  • ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး ။    ။ ကျွန်ုပ်တို့၏ လုပ်ဆောင်မှုတိုင်းသည် ဆင်းရဲနွမ်းပါးမှုအဆင့်ကိုလျှော့ချရန်၊ ဝင်ငွေရရှိမှုကို တိုးမြှင့်ရန်နှင့် ပိုမိုဘေးကင်းလုံခြုံသော အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာရန်တို့ကို ရည်ရွယ်ပါသည်။ အသေးစားစီးပွားရေးလုပ်ငန်းများနှင့် အသေးစားစွန့်ဦးတီထွင်သူများကို လက်လှမ်းမီနိုင်သော ချေးငွေများ ပံ့ပိုးပေးခြင်းဖြင့် ကျွန်ုပ်တို့အလုပ်လုပ်ကိုင်နေသော ဒေသများတွင် စီးပွားရေးတိုးတက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို လှုံ့ဆော်ရန် ရည်ရွယ်ပါသည်။