လူမှုအသိုက်အဝန်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် အမျိုးမျိုးသောငွေကြေးဝန်ဆောင်မှုများဖြင့် ဝန်ဆောင်မှုပေးနေပါသည်။

လူမှုအသိုက်အဝန်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် အမျိုးမျိုးသောငွေကြေးဝန်ဆောင်မှုများဖြင့် ဝန်ဆောင်မှုပေးနေပါသည်။

ဗွီးရှင်းဖန်း(ဒ်)၏ ဝန်ဆောင်မှုများနှင့် ထုတ်ကုန်များကို လေ့လာပြီး သင့်၏အိပ်မက်ခရီးကို ကျွန်ုပ်တို့နှင့်အတူ ယနေ့ပဲစတင်လိုက်ပါ။

ချေးငွေများ

ကျွန်ုပ်တို့သည် အသင်းသားများ၏လိုအပ်ချက်များကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်ရန်နှင့် ဆင်းရဲနွမ်းပါးမှုများမှ လွတ်မြောက်ပြီး စွမ်းဆောင်ရည်ပြည့်ဝစေရန် အဖွဲ့လိုက်ချေးငွေနှင့် တစ်ဦးချင်းချေးငွေကဲ့သို့သော မှန်ကန်သော ငွေကြေးဆိုင်ရာထုတ်ကုန်များ ရရှိစေရန် ပံ့ပိုးကူညီပေးပါသည်။
Business Loans

လုပ်ငန်းချေးငွေ

ဤချေးငွေသည် အဖွဲ့လိုက် (သို့မဟုတ်) တစ်ဦးချင်းအနေဖြင့် ထုတ်ယူနိုင်သော လုပ်ငန်းချေးငွေဖြစ်ပြီး အထူးသဖြင့် ကျေးလက်ဒေသများတွင် အသေးစားစီးပွားရေးလုပ်ငန်းငယ်များကို လုပ်ကိုင်နေသည့် ရည်မှန်းချက်ကြီးသော အမျိုးသမီးများအတွက် ရည်ရွယ်ပါသည်။

Agri and Livestock Loans

စိုက်ပျိုးရေးနှင့် မွေးမြူရေးချေးငွေ

စပါးစိုက်ပျိုးခြင်း၊ သီးနှံစိုက်ပျိုးခြင်း၊ မွေးမြူရေးနှင့် ငါးဖမ်းခြင်းစသည့် အမျိုးမျိုးသော လယ်ယာစိုက်ပျိုးမွေးမြူရေးလုပ်ငန်းခွင်များတွင် လုပ်ကိုင်နေကြသည့်တောင်သူများကို အဖွဲ့လိုက်ချေးငွေနှင့် တစ်ဦးချင်းချေးငွေများ ပံ့ပိုးပေးခြင်းဖြင့် ကျေးလက်စီးပွားရေးကို အားကောင်းလာစေရန် ရည်ရွယ်ပါသည်။

Recovery Loans

ပြန်လည်ထူထောင်ရေး ချေးငွေ

ဤချေးငွေများသည် စီးပွားရေး ရိုက်ခတ်မှုများ သို့မဟုတ် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ခံစားရသည့် အသင်းသားများအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရန်နှင့် ရင်ဆိုင်ကြုံတွေ့ရသည့် စိန်ခေါ်မှုများကို ကြံ့ကြံခံနိုင်မှုရှိစေရန် ပံ့ပိုးပေးခြင်းဖြင့် ပြန်လည်ရပ်တည်လာနိုင်စေရန် ကူညီပေးသည်။

စုဆောင်းငွေများ

ငွေရေးကြေးရေးနှင့်ပတ်သက်၍ အမှီအခိုနည်းခြင်းသည် စွမ်းဆောင်ရည်မြှင့်တင်နိုင်မှု၏ အခြေခံအုတ်မြစ်ဖြစ်သည်ဟု ဗွီးရှင်းဖန်း(ဒ်)မှယုံကြည်ပါသည်။ ထို့ကြောင့် အသင်းသားများအား ငွေစုဆောင်းခြင်းအလေ့အထများကို ပျိုးထောင်တိုက်တွန်းပေးပြီး ငွေကြေးအကြပ်အတည်းများကို ခံနိုင်ရည်ရှိစွာ ဖြေရှင်းနိုင်စွမ်းရှိစေရန် ကူညီပေးပါသည်။
Savings

စုဆောင်းငွေများ

ဗွီးရှင်းဖန်း(ဒ်)မြန်မာ၏ လိုက်လျောညီထွေရှိသည့် စုငွေဝန်ဆောင်မှုသည် ငွေကျပ် ၁,၀၀၀ မှ ငွေကျပ် သိန်း ၁၀၀ အထိ စုဆောင်းနိုင်ပြီး တစ်နှစ်လျှင် အတိုးနှုန်း ၁၀% ရရှိပါသည်။

FAQs

ဗွီးရှင်းဖန်း(ဒ်)မြန်မာ၏ ရုံးခွဲလိပ်စာများသိရှိရန်။

ဗွီးရှင်းဖန်း(ဒ်)မြန်မာ၏ ရုံးခွဲလိပ်စာများသိရှိလိုပါက အောက်ပါလင့်ခ်မှတဆင့်  ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

https://www.visionfund.org/where-we-work/asia/myanmar/locations-mm

တိုင်ကြားအကြံပြုစာများ ပေးပို့ရန်။

တိုင်ကြားအကြံပြုစာများ ပေးပို့လိုပါက အောက်ပါ ဆက်သွယ်ရန်နေရာများမှတဆင့် အပတ်စဉ် ရုံးဖွင့်ရက် ရုံးချိန် (မနက် ၁၀ နာရီ မှ ညနေ ၄ နာရီ အတွင်း) ဆက်သွယ်နိုင်ပါသည်။

Email          –         info_visionfundmyanmar@visionfund.org

Facebook  –        https://www.facebook.com/visionfundmyanmar

Website    –         https://www.visionfundmyanmar.org

LinkedIn    –         https://www.linkedin.com/company/visionfundmyanmar/

Suggestion box  – Respective branch and Head Office

အကြံပြုစာထည့်ပုံး–  သက်ဆိုင်ရာရုံးခွဲရှိ / ရုံးချုပ်သို့လိပ်မူပြီးပေးပို့ခြင်း

Client Service Center helpline – 09 750 067 002 (Weekdays 10am to 4pm only)

မည်သည့်ချေးငွေအမျိုးအစားများ ရယူနိုင်ပါသလဲ။

ချေးငွေပုံစံအမျိုးအစား (၂ )မျိုးဖြင့်ထုတ်ယူနိုင်ပါသည်။

  • တစ်ဦးချင်းချေးငွေအမျိုးအစား
  • အဖွဲ့လိုက်ချေးငွေအမျိုးအစား

အဖွဲ့လိုက် ချေးငွေ လိုအပ်ချက်များ နှင့် တစ်ဦးချင်း ချေးငွေ လိုအပ်ချက်များ အကြောင်း အသေးစိတ် သိရှိလိုပါက Client Service Center Hotline phone number- 09750067002 ကို ဆက်သွယ်နိုင်ပြီး ဗွီးရှင်းဖန်း(ဒ်)မြန်မာ၏ Messenger Chatbot ကနေလည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

စုဆောင်းငွေကို ဘယ်လိုစုလို့ရပါမလဲ။

ဗွီးရှင်းဖန်း(ဒ်)မြန်မာ၏အသင်းသားများအနေဖြင့် အောက်ပါစုဆောင်းငွေအမျိုးအစားများကို စုဆောင်းခွင့်ရှိပါသည်။

  • မဖြစ်မနေစုဆောင်းငွေ
  • ဆန္ဒအလျှောက်စုဆောင်းငွေ

မဖြစ်မနေစုဆောင်းငွေနှင့် ဆန္ဒအလျှောက်စုဆောင်းငွေ အကြောင်း အသေးစိတ် သိရှိလိုပါက Client Service Center Hotline phone number - 09750067002 ကို ဆက်သွယ်နိုင်ပြီး ဗွီးရှင်းဖန်း(ဒ်)မြန်မာ၏ Messenger Chatbox ကနေလည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

စုဆောင်းငွေကိုယ်စားထုတ်ယူခွင့်ရှိမရှိ သိရှိလိုပါသည်။

စုဆောင်းငွေလုံခြုံစိတ်ချမှုသေချာစေရန်အတွက် အသင်းသားကိုယ်တိုင်သာလျှင် မိမိ၏ စုဆောင်းငွေကိုထုတ်ယူခွင့်ရှိပါသည်။

အသင်းသားမဟုတ်သူများစုဆောင်းငွေစုခွင့်ရှိမရှိ သိရှိချင်ပါတယ်။

လက်ရှိအချိန်တွင် အသင်းသားများသီးသန့်သာ စုဆောင်းငွေစုခွင့်ရှိပါသည်။ အသင်းသားမဟုတ်သူများအနေဖြင့် စုဆောင်းငွေအတွက်ခွင့်ပြုထားခြင်းမရှိပါ ။

အသင်းသားမဟုတ်သူများအနေဖြင့် စုဆောင်းငွေအကြောင်း အသေးစိတ် သိရှိလိုပါက Client Service Center Hotline phone number- 09750067002 ကို ဆက်သွယ်နိုင်ပြီး ဗွီးရှင်းဖန်း(ဒ်)မြန်မာ၏ Messenger Chatbox ကနေလည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ချေးငွေပေးသွင်းမည်ဆိုပါက မည်သည့် နည်းလမ်းများဖြင့် ပြန်လည် ပေးသွင်းနိုင်သနည်း။

Digital Payment (နီးစပ်ရာ agent ဆိုင်မှ တဆင့် သို့ ကိုယ်ပိုင် wallet) ဖြင့် ပေးသွင်းနိုင်သလို သက်ဆိုင်ရာ ရုံးခွဲမှာလည်း ပြန်လည်ပေးသွင်းနိုင်ပါသည်။

လက်ရှိခေါ်ယူလျက်ရှိသော အလုပ်အကိုင်များသိရှိရန်။

ဝန်ထမ်းခေါ်ယူမှုများကို ဗွီးရှင်းဖန်း(ဒ်)မြန်မာ၏ Facebook page နှင့် LinkedIn page များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Facebook: visionfundmyanmar

Linked: https://www.linkedin.com/company/visionfundmyanmar

Website: Myanmar | Careers | VisionFund

အလုပ်လျှောက်ထားခြင်းကို မည်သည့်နည်းလမ်းများဖြင့် လျှောက်ထားနိုင်ပါသလဲ။

မိမိလျှောက်ထားလိုသော position အတွက် CV ကို vfm_hrd@visionfund.org ကို အီးမေးလ်ပေးပို့ပြီး  (သို့မဟုတ်) သက်ဆိုင်ရာရုံးခွဲသို့ လျှောက်လွှာပေးပို့ လျှောက်ထားနိုင်ပါသည် ။ ဝန်ထမ်းရေးရာဌာနကိုလည်း ဖုန်းဆက်မေးမြန်းနိုင်ပါတယ်။

ဆက်သွယ်ရမည့် ဖုန်းနံပါတ်ကတော့ ၀၉ ၇၅၀၀၆၇၀၀၃ ဖြစ်ပါသည်။

သက်ဆိုင်ရာရုံးခွဲများ၏လိပ်စာကို အောက်ပါလင့်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

https://www.visionfund.org/where-we-work/asia/myanmar/locations-mm

VFM HR email for the job - vfm_hrd@visionfund.org