Tip on utilising mobile wallet

မိုဘိုင်းလ်ဝေါလက်အသုံးပြုရာတွင် သတိပြုရမည့်အချက်များ

သင့်အနေနဲ့ ဒစ်ဂျစ်တယ်နည်းပညာခေတ်မှာ နောက်ကျမကျန်ခဲ့စေဖို့ မိုဘိုင်းလ်ဝေါလက်အကောင့်တစ်ခု ဖွင့်တော့မယ်ဆိုရင်တော့ မှတ်ပုံတင်ထားတဲ့ဖုန်းနံပါတ်နဲ့ သင့်ရဲ့မှတ်ပုံတင်နံပါတ်လိုအပ်ပါတယ်။ မိုဘိုင်းလ်ဝေါလက်အကောင့်ဖွင့်ရန် အသေးစိတ်အဆင့်များကို ယခုဖော်ပြထားတဲ့လင့်ခ်မှာ လေ့လာနိုင်သလို သက်ဆိုင်ရာ ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှုကုမ္ပဏီတွေရဲ့ သုံးစွဲသူဝန်ဆောင်မှုပေးတဲ့ဌာနတွေကို ဆက်သွယ်ပြီး အကူအညီတောင်းနိုင်ပါတယ်။ မိုဘိုင်းလ်ဝေါလက်ထဲကို သင့်ရဲ့ဘဏ်အကောင့်ကနေ တိုက်ရိုက်ငွေသွင်း/ငွေထုတ် ပြုလုပ်လို့ရသလို နီးစပ်ရာမိုဘိုင်းလ်အေးဂျင့်ဆိုင်မှာလည်း ငွေသွင်း/ငွေထုတ်လို့ရပါတယ်။

ယခုလိုမျိုး ဒစ်ဂျစ်တယ်နည်းပညာတိုးတက်မှုတွေဟာ လူတို့ရဲ့နေ့စဥ်ဘဝအတွက် အကျိုးရလဒ်ကောင်းများစွာ ပေးစွမ်းနေပေမဲ့ တစ်ဖက်မှာလည်း မသမာသူတွေဟာ လူတို့ရဲ့ဒစ်ဂျစ်တယ်အသိပညာအားနည်းမှုကို အသုံးချပြီး မိုဘိုင်းလ်ဝေါလက်ထဲက ပိုက်ဆံတွေကို လိမ်လည်ဖို့ လုပ်ဆောင်တာမျိုးတွေရှိနိုင်ပါတယ်။ အဲဒါကြောင့် သင့်ရဲ့မိုဘိုင်းလ်ဝေါလက်ကို လုံခြုံမှုရှိစွာအသုံးပြုနိုင်ဖို့ သတိပြုရမယ့်အချက်များကို ဖော်ပြပေးလိုက်ပါတယ်။

  • သင့်မိုဘိုင်းလ်ဝေါလက်အကောင့်ရဲ့ တစ်ခါသုံးလျှို့ဝှက်ဂဏန်း (OTP - အိုပီတီ) နဲ့ လျှို့ဝှက်နံပါတ် (PIN - ပင်နံပါတ်) တို့ကို မည်သူ့ကိုမှမပေးရပါ။ အဲဒီနံပါတ် ခုဟာ သင့်ရဲ့မိုဘိုင်းဝေါလက်ထဲကို ဝင်ရောက်နိုင်မယ့် အိမ်တစ်ခုရဲ့သော့နဲ့အလားတူပြီး သင်တစ်ဦးတည်းသာ သိသင့်ပါတယ်။
  • လျှို့ဝှက်နံပါတ်တွေကို လူတွေမြင်သာတဲ့နေရာမှာ မှတ်သားထားတာမျိုး၊ ရေးမှတ်ထားခြင်းမျိုး မပြုလုပ်ပါနှင့်။
  • ခန့်မှန်းရလွယ်ကူတဲ့ စကားဝှက်မျိုးမထားရှိသင့်ပါ။ (ဥပမာ သင့်မွေးသက္ကရာဇ်၊ အမည်၊ အစရှိသဖြင့်)
  • မိုဘိုင်းလ်ဝေါလက်ဖွင့်ထားတဲ့ ဖုန်းဆင်းမ်ကတ်ပျောက်တာ၊ ပျက်တာမျိုးဆိုရင် သက်ဆိုင်ရာ မိုဘိုင်းလ်ဝေါလက်ဝန်ဆောင်မှုကုမ္ပဏီကို ချက်ချင်းဖုန်းဆက်ပြီး ကိုယ့်ရဲ့အကောင့်ကို ယာယီပိတ်ခိုင်းထားပါ။ သက်ဆိုင်ရာ ဖုန်းဝန်ဆောင်မှုကုမ္ပဏီမှာ အဲဒီဖုန်းနံပါတ်နဲ့ ဆင်းမ်ကတ်အသစ်ပြန်လျှောက်ပါ။
  • မိုဘိုင်းလ်ဝေါလက်ကို အသုံးပြုပြီးတာနဲ့ log out လုပ်ပြီး ပိတ်ဖို့မမေ့ပါနဲ့။ မိမိအသုံးလိုမှသာ ပြန်လည် log in လုပ်ပြီးဖွင့်ပါ။

ဖော်ပြပါအချက်တွေကို သတိပြုဆောင်ရွက်မယ်ဆိုရင် သင်ရဲ့မိုဘိုင်းလ်ဝေါလက်ကို လုံခြုံစွာအသုံးပြုနိုင်ပါတယ်။ မိုဘိုင်းလ်အေးဂျင့်ဆိုင်တွေမှာ ငွေလွှဲ/ငွေထုတ်ပြုလုပ်တဲ့အခါ သတိထားရမယ့်အချက်တွေကို ဒီနေရာမှာ နှိပ်ပြီး ဖတ်ရှုလေ့လာနိုင်ပါတယ်။