Managing your business finances

စီးပွားရေးလုပ်ငန်းမှငွေကြေးကို စနစ်တကျစီမံခန့်ခွဲခြင်း

မိမိရဲ့ကိုယ်ပိုင်လုပ်ငန်းမှာ လည်ပတ်နေတဲ့ငွေကြေးကို ကောင်းစွာစီမံခန့်ခွဲမယ်ဆိုရင် ကောင်းမွန်တဲ့ ငွေကြေးလည်ပတ်မှုကိုရရှိပြီး ငွေကြေးအကြပ်အတည်းရန်မှလည်း ကင်းဝေးမှာဖြစ်ပါတယ်။

မိမိနဲ့ မိမိရဲ့မိသားစုအတွက်ဖြစ်စေ ကိုယ်ပိုင်လုပ်ငန်းအတွက်ဖြစ်စေ ငွေကြေးစီမံခန့်ခွဲမှု လုပ်ဆောင်ချက်တွေက အများအားဖြင့် တူညီပြီး အနည်းငယ်သာကွဲပြားပါတယ်။ မိမိရဲ့စီးပွားရေးလုပ်ငန်းနဲ့ မိသားစုနောင်ရေးမှာ ရေရှည်ဖွံ့ဖြိုးတိုးတက်စေဖို့ အခုဖော်ြပပေးမယ့်နည်းလမ်းကောင်းတွေကို ကျင့်သုံးမယ်ဆိုရင် ငွေကြေးကို ကောင်းစွာစီမံခန့်ခွဲသူ ဖြစ်နိုင်ပါတယ်။

  • လုပ်ငန်းအသုံးစရိတ်များနဲ့ ကိုယ်ပိုင်အသုံးစရိတ်များကို သေချာမှတ်သားပြီး သီးခြားခွဲထားပါ။
  • ဝင်ငွေနဲ့ အမြတ်မတူညီဘူးဆိုတာကို သိရှိပြီး လုပ်ငန်းမှ ဝင်ငွေမည်မျှရသည် / အမြတ်မည်မျှရသည်ကို သေချာစွာမှတ်သားပါ။ (လုပ်ငန်းရဲ့ဝင်ငွေထဲမှ ထိုလုပ်ငန်းအတွက် ရင်းနှီးထားတဲ့ကုန်ကျစရိတ်ငွေကို (ဥပမာ - ကုန်ပစ္စည်းဖိုး၊ ဆိုင်ခန်းခ) နှုတ်ပြီး ရရှိတဲ့ငွေဟာ အမြတ်ငွေဖြစ်ပါတယ်။)
  • ရရှိတဲ့အမြတ်ငွေကို ကိုယ်ရေးကိုယ်တာ (သို့) မိသားစုအသုံးစရိတ်၊ စုဆောင်းငွေ၊ အရေးပေါ်သုံးငွေ အစရှိသဖြင့် ခွဲခြားပြီးသုံးစွဲပါ။
  • ဝင်ငွေရဲ့ တချို့တစ်ဝက်ဟာ သင့်လုပ်ငန်းဆက်လက်တိုးတက်စေဖို့အတွက် ပြန်လည်ရင်းနှီးရမယ့်ငွေ ဖြစ်ပါတယ်။

သင့်ရဲ့ မိတ်ဆွေတွေကိုလည်း ဒီနည်းလမ်းကောင်းတွေကို ဝေမျှခြင်းပြီး ငွေကြေးသုခကို အတူတကွ တည်ဆောက်ကြပါစို့။

ခက်ခဲတဲ့ကာလတွေမှာ စီးပွားရေးလုပ်ငန်းတွေ ရှင်သန်လည်ပတ်နိုင်စေဖို့နဲ့ပတ်သက်ပြီး လေ့လာချင်တယ်ဆိုရင်တော့ ဒီနေရာမှာ ပိုမိုလေ့လာနိုင်ပါတယ်။