Financial Planning For Peace Of Mind

နောင်ရေးအေးဖို့ ငွေကြေးစီမံခန့်ခွဲစို့!

ငွေကြေးစီမံခန့်ခွဲခြင်း ဆိုတာဘာလဲ။
 

မိမိနဲ့ မိသားစုအကျိုးစီးပွားတွက် ငွေကြေးနဲ့ပတ်သက်ပြီး စိတ်ချမ်းသာမှုကို ရေရှည်ပိုင်ဆိုင်နိုင်ဖို့ ငွေကြေးကို လိမ္မာပါးနပ်စွာသုံးစွဲခြင်း၊  ဝင်ငွေနဲ့ထွက်ငွေကို စနစ်တကျစိစစ်ခြင်း၊ အရေးပေါ်အခြေအနေမှာ အသုံးပြုနိုင်ဖို့နဲ့ မိသားစုအနာဂတ်အတွက် ငွေကြေးကြိုတင်လျာထားခြင်းတို့ကို လုပ်ဆောင်ခြင်းဖြင့် ငွေကြေးနဲ့ပတ်သက်ပြီး အလုံးစုံစီမံခန့်ခွဲခြင်းကို ငွေကြေးစီမံခန့်ခွဲခြင်းလို့ ဆိုပါတယ်။

ငွေကြေးကို စနစ်တကျ စီမံခန့်ခွဲခြင်းက ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်ပါသလဲ။
 

ငွေကြေးနဲ့ပတ်သက်ပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်၊ ရွေးချယ်မှုနဲ့ လုပ်ဆောင်မှုတို့ကို ကျင့်သုံးဆောင်ရွက်ခြင်းဖြင့်

  • မိမိနဲ့မိသားစုရဲ့ ငွေကြေးအကြပ်အတည်းတွေ ပပျောက်သွားနိုင်ပါတယ်။
  • မိမိရဲ့ငွေလည်း တိုးပွားနိုင်ပါတယ်။
  • မိမိအတွက် (သို့မဟုတ်) မိမိရဲ့မိသားစုအတွက် ငွေကြေးရည်မှန်းချက်ကို အမြန်ဆုံးပြည့်မီအောင် လုပ်ဆောင်နိုင်ပါတယ်။

ဒီလိုအကျိုးရလဒ်တွေကို ခံစားနိုင်ဖို့ မိတ်ဆွေတို့အနေနဲ့ ငွေကြေးစီမံခန့်ခွဲမှုကို ဘယ်လိုလုပ်ဆောင်နိုင်မလဲ။ လုပ်ဆောင်ရလွယ်ကူပြီး ထိရောက်မှုရှိတဲ့ နည်းလမ်းကောင်းအချို့ကို ဝေမျှလိုက်ပါတယ်။

  • မိမိရဲ့ဝင်ငွေထက် လျှော့သုံးပါ။
  • လစဉ် ဝင်ငွေ၊ ထွက်ငွေ မှတ်တမ်းပြုစုပါ။
  • လိုအပ်တဲ့အရာနဲ့ လိုချင်တဲ့အရာကို ခွဲခြားသိမြင်ပြီး စိစစ်ပါ။
  • နေ့စဉ် (သို့) အပတ်စဉ် (သို့) လစဉ် ငွေပမာဏတစ်ခုကို စုပါ။
  • ငွေကို လုံခြုံတဲ့နေရာမှာ စုဆောင်းပါ။ (ဥပမာ - ဘဏ်၊ ချေးငွေ အဖွဲ့အစည်းများ၊ စုငွေအဖွဲ့များ)
  • မိမိမှာရှိတဲ့ ငွေကို အရင်းအနှီးတစ်ခုအဖြစ် အသုံးပြုပြီး တိုးပွါးအောင်လုပ်ပါ။

ဖော်ပြပါ နည်းလမ်းကောင်းတွေကို မိမိကိုယ်တိုင်လည်း ကျင့်သုံးလုပ်ဆောင်ပြီး မိမိရဲ့မိသားစုနဲ့ မိတ်ဆွေ၊ သူငယ်ချင်းများကိုလည်း ဝေမျှလိုက်ပါနော်။ 

ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အခြားနည်းလမ်းကောင်းတွေကို ဒီနေရာမှာ ဆက်လက်ဖတ်ရှု လေ့လာနိုင်ပါတယ်။