ဒစ်ဂျစ်တယ်ခေတ်မှ လမ်းစသစ်များဆီသို့

အင်္ဂါနေ့, ဖေဖေါ်ဝါရီလ 1, 2022
Myanmar | Client | Daw Nwe Nwe Tun
အင်္ဂါနေ့, ဖေဖေါ်ဝါရီလ 1, 2022

လုပ်ငန်းတစ်ခုတည်းကို အားကိုးနေရတာ မဟုတ်တဲ့အတွက် ဝမ်းသာပါတယ်။ ဗွီးရှင်းဖန်း(ဒ်)ရဲ့ ဆက်လက်ပံ့ပိုးကူညီမှုနဲ့အတူ ဝက်မွေးမြူရေးလုပ်ငန်းနဲ့ ဆန်စက်လုပ်ငန်းက ဒီအကြပ်အတည်းကို ဖြတ်ကျော်နိုင်လိမ့်မယ်လို့ ထင်ပါတယ်

ဒေါ်နွယ်နွယ်ထွန်းသည် နည်းပညာအသစ်ကို အသုံးချပြီး စိန်ခေါ်မှုများသောကာလများကို လိုက်လျောညီထွေစွာဖြင့် ကျော်ဖြတ်ခဲ့သော အသင်းသားများထဲမှတစ်ယောက်ဖြစ်သည်။

သူမနှင့် သူမ၏အမျိုးသား ဦးတင်နိုင်ထွေးသည် မိသားစုလေးယောက်၏ စားဝတ်နေရေးအတွက် ဟင်းသီးဟင်းရွက်များနှင့် အသင့်စားအစားအစာများကို ရောင်းချခဲ့ကြသည်။ တစ်လလျှင် ၃ သိန်းကျပ်ရရှိပြီး ဝင်ငွေအများစုကို ငွေတိုးချေးသူများထံ အတိုးနှုန်းကြီးစွာဖြင့် အကြွေးပေးရသည်။ ဗွီးရှင်းဖန်း(ဒ်)မြန်မာနှင့် စတင်လက်တွဲခဲ့ပြီးနောင် သူမတို့၏ အခြေအနေများတိုးတက်ပြောင်းလဲလာခဲ့သည်။ ဒေါ်နွယ်နွယ်ထွန်းသည် ဗွီးရှင်းဖန်း(ဒ်)မှ ကနဦးချေးငွေ လေးကြိမ်ဖြင့် သူမ၏ ဟင်းသီးဟင်းရွက်ရောင်းဝယ်ရေးကို တိုးချဲ့ခဲ့ပြီး သူမခင်ပွန်း၏ ပို့ဆောင်ရေးဝန်ဆောင်မှုအတွက် သုံးဘီးမော်တော်ဆိုက်ကယ်ကိုလည်း ဝယ်ယူခဲ့သည်။ အကြွေးများကိုလည်း ပြန်လည်ပေးဆပ်နိုင်ခဲ့ပြီး တစ်လဝင်ငွေ ၇ သိန်းခွဲအထိ တိုးတက်လာခဲ့သည်။

ငါးကြိမ်မြောက်ချေးငွေယူပြီးနောက် ဒေါ်နွယ်နွယ်ထွန်းသည် အင်္ကျီဆိုင်ဖွင့်ကာ စီးပွားရေးလုပ်ငန်းအသစ်ကို စတင်ခဲ့ပါသည်။ စတင်လည်ပတ်စဉ်အတွင်း ကိုဗစ်ရိုက်ခတ်မှုနှင့်အတူ များစွာသော ကန့်သတ်ချက်များကြောင့် သူမ၏ စီးပွားရေးအပေါ် သက်ရောက်မှုများရှိလာခဲ့ပါသည်။ သို့သော်လည်း ထိုအရာသည် သူမကို မတားဆီးနိုင်ခဲ့ပါ။ ဒေါ်နွယ်နွယ်ထွန်းသည် လူမှုကွန်ယက်ကို ဈေးကွက်အသွင်ပြောင်းကာ အွန်လိုင်းမှ ဈေးရောင်းချမှုကို စတင်ခဲ့ပြန်သည်။ အင်္ကျီအဝတ်အစားများနှင့် ဖိနပ်များကို ဆိုင်မှလည်းကောင်း၊ အွန်းလိုင်းမှလည်းကောင်းရောင်းချခြင်းဖြင့် သူမ၏အရောင်းစာရင်းများကို ပြန်လည်ဦးမော့စေခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် နိုင်ငံရေးမငြိမ်မသက်ဖြစ်သောကြောင့် တစ်နိုင်ငံလုံးတွင် အင်တာနက်ကန့်သတ်မှုများ ဖြစ်ခဲ့သည်။ ဒေါ်နွယ်နွယ်အနေဖြင့် သူမ၏ အွန်လိုင်းစီးပွားရေးကို တစ်လခန့်ရပ်နားခဲ့ရသည်။ သို့သော်လည်း အခြေအနေပေးသည်နှင့် တစ်ပြိုင်နက် သူမ၏ အွန်လိုင်းစီးပွားရေးကို ပြန်လည်လည်ပတ်ခဲ့ပါသည်။

"ခက်ခဲတဲ့အချိန်တွေမှာ ဗွီးရှင်းဖန်း(ဒ်)မြန်မာက ရှိနေပေးခဲ့တယ်။ ချေးငွေတွေ ဆက်လက်ရရှိခဲ့ရုံသာမကပဲ ဗွီးရှင်းဖန်း(ဒ်)မြန်မာက အသင်းသားတွေကို ပြန်လည်ပေးဆပ်နိုင်တဲ့ အခြေအနေပေါ်မူတည်ပြီး ချေးငွေကာလကိုတိုးပြီးလည်း ကူညီပေးခဲ့တယ်" ဟု ဒေါ်ထွန်းထွန်းက ဝေမျှပေးထားပါသည်။

လေးနှစ်တာကာလအတွင်း ဒေါ်နွယ်နွယ်ထွန်းသည် ဗွီးရှင်းဖန်း(ဒ်)မြန်မာ၏ အသင်းသားတစ်ဦးအနေဖြင့် သူမမိသားစုအခြေအနေ တိုးတက်ပြောင်းလဲမှုများကို မြင်တွေ့ခဲ့ရပါသည်။ သူမနှင့် သူမ၏ ခင်ပွန်းသည် မိသားစု၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခဲ့သည်။ ကိုယ်ပိုင်မြေကွက်ဝယ်ယူကာ အင်္ကျီဆိုင်လုပ်ငန်းကို တိုးချဲ့ရန်မှာလည်း သူမတို့၏ အိပ်မက်ဖြစ်သည်။