ငွေကြေးဝန်ဆောင်မှုများမှသည် စွမ်းဆောင်ရည်ပြည့်ဝသော မိသားစုများနှင့် တိုးတက်ပြောင်းလဲလာသော လူမှုဘဝများဆီသို့

မြန်မာ

Naypyidaw

Capital City

52.7 million

Population, total

67.9 billion

GDP (current US$)

မြန်မာနိုင်ငံရှိ အကြီးမားဆုံး အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်သည့် ဗွီးရှင်းဖန်း(ဒ်)မြန်မာသည် ၁၉၉၈ ခုနှစ်မှစတင်၍ နိုင်ငံတစ်ဝှမ်းတွင် ကျယ်ပြန့်စွာ လုပ်ငန်းများလုပ်ကိုင်လျက်ရှိပါသည်။  ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၂ ခုရှိ မြို့နယ်စုစုပေါင်း ၇၂ ခုတွင် ဝန်ထမ်းအင်အား ၅၀၀ ကျော်ဖြင့်  လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ထိခိုက်လွယ်သော လူမှုအသိုင်းအဝိုင်းများနှင့် ကျေးလက်ဒေသများတွင် စီးပွားရေးအခွင့်အလမ်းများကို မြှင့်တင်ပေးရေး၊ အိမ်ထောင်စုများဝင်ငွေတိုးရေးနှင့် ကလေးငယ်များ၏ ကျန်းမာပျော်ရွှင်မှုကို မြှင့်တင်နိုင်ရေး တို့ကိုရည်ရွယ်လျက် ဝင်ငွေနည်းပါးသော အိမ်ထောင်စုများအတွက် ငွေကြေးဝန်ဆောင်မှုများနှင့် အသက်မွေးဝမ်းကြောင်းမှုဆိုင်ရာ ဖြေရှင်းလုပ်ဆောင်နည်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိသည်။ ကျွန်ုပ်တို့နှင့် လက်တွဲလုပ်ကိုင်နေသော အဖွဲ့အစည်းများနှင့်အတူ ကျွန်ုပ်တို့၏ဝန်ဆောင်မှုများကို ပံ့ပိုးလုပ်ဆောင်ပေးလျက် ရှိပါသည်။ ကျွန်ုပ်တို့သည် ၂၀၃၀ ပြည့်နှစ်တွင် ဆင်းရဲမွဲတေမှုပပျောက်ရေးအတွက် အားလုံးနှင့်အတူတူ ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်သည်။

VisionFund Myanmar FY23 Highlights

83,900+

Active Clients

86%

Women Clients

63%

Rural Clients

118,000+

Children Impacted

109,000+

Job Impacted
VFM Milestones Infographic

ဗွီးရှင်းဖန်း(ဒ်)မြန်မာရဲ့ ၂၅ နှစ်တာခရီး

C level Message_VFM CEO Mai Win

Chief Executive Officer

Mai Mya Mya Win

စိန်ခေါ်မှုတွေများတဲ့ ခရီးလမ်းတစ်လျှောက်မှာ ဗွီးရှင်းဖန်း(ဒ်)မြန်မာဟာ လေ့လာသင်ယူမှုတွေ၊ တည်ငြိမ်ရင့်ကျက်မှုတွေနဲ့ လိုက်လျောညီထွေမှုတွေရှိအောင် လုပ်ဆောင်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ဗွီးရှင်းဖန်း(ဒ်)မြန်မာရဲ့ အနာဂတ်အတွက် ကျွန်မတို့ရဲ့မျှော်မှန်းချက်တွေကို ဂုဏ်ယူစွာနဲ့ မျှဝေလိုက်ချင်ပါတယ်။ ဗွီးရှင်းဖန်း(ဒ်)မြန်မာအနေဖြင့် အသင်းသားဗဟိုပြုတဲ့ ဝန်ဆောင်မှုများမှတစ်ဆင့် ရပ်ရွာလူထုအပေါ်မှာ နက်ရှိုင်းကျယ်ပြန့်တဲ့ အကျိုးသက်ရောက်မှုတွေရရှိစေဖို့ ကတိပြုပါတယ်။ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်တွေကို ပိုမိုကောင်းမွန်လာအောင် ရင်းနှီးမြှုပ်နှံပြီး ကျွန်မတို့ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို ပိုမိုအားကောင်းလာအောင် ကြိုးစားဆောင်ရွက်နေပါတယ်။ အဲဒီအပြင် ဗွီးရှင်းဖန်း(ဒ်)မြန်မာအနေနဲ့ လုပ်ငန်းလည်ပတ်မှုအပိုင်းနဲ့ ငွေပေးချေမှုတွေအတွက် ဒစ်ဂျစ်တယ်စနစ်အသွင်ကူးပြောင်းဖို့ကိုလည်း အခိုင်အမာကြိုးစားအားထုတ်နေပါတယ်။ စိန်ခေါ်မှုတွေကို အတူတကွကျော်လွှားပြီး လေ့လာသင်ယူမှုတွေ၊ ဖွံ့ဖြိုးမှုတွေနဲ့ ရှင်သန်ရပ်တည်နိုင်မှုတွေကို ဆက်လက်လုပ်ဆောင်ကြပါမယ်။

ဗွီးရှင်းဖန်း(ဒ်)မြန်မာရဲ့ ယခုလိုခရီးလမ်းတစ်လျှောက်မှာ ပါဝင်ပေးကြတဲ့ ကျွန်မတို့ရဲ့အသင်းသားတွေ၊ ဝန်ထမ်းတွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကိုလည်း အထူးပင်ကျေးဇူးတင်ကြောင်း ပြောကြားချင်ပါတယ်။

VFM People and Culture Director

People and Culture Director

Lian Huai

ဗွီးရှင်းဖန်း(ဒ်)မြန်မာမှာ စံတန်ဖိုး ၆ ခုရှိပြီး လူသားများကိုတန်ဖိုးထားခြင်းသည်လည်း အရေးကြီးတဲ့အချက်တစ်ခု ဖြစ်ပါတယ်။

လူသားများကိုတန်ဖိုးထားခြင်းဆိုသည်မှာ လေးစားမှုရှိခြင်း၊ အားလုံးပါဝင်နိုင်မှုနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်း ဆိုတဲ့ယဉ်ကျေးမှုကို မြှင့်တင်ခြင်းဖြစ်ပါတယ်။ ဝန်ထမ်းတွေရဲ့ မတူညီတဲ့နောက်ခံအခြေအနေတွေ၊ စွမ်းရည်တွေနဲ့ ရှုမြင်ပုံတွေဟာ ကျမတို့ရဲ့အဖွဲ့အစည်းကို ပြည့်ဝစေပြီး ကျွန်မတို့ကို သန်မာလာစေတဲ့ အဲဒီမတူကွဲပြားမှုအတွက်လည်း ဂုဏ်ယူမိစေပါတယ်။ မတူညီကွဲပြားမှု၊ အားလုံးပါဝင်မှုနဲ့ ကျား/မတန်းတူညီမျှမှုတွေကို မြဲမြံစွာယုံကြည်ပြီး ဗွီးရှင်းဖန်း(ဒ်)မြန်မာဝန်ထမ်းတွေဟာ  ချမှတ်ထားတဲ့စံတန်ဖိုးတွေနဲ့အညီ လုပ်ဆောင်ရုံသာမက ပိုမိုအားကောင်း၊ ပိုမိုဆန်းသစ်ပြီး ပိုမိုကြံ့ခိုင်တဲ့ ဗွီးရှင်းဖန်း(ဒ်)မြန်မာကို တည်ဆောက်နေပါတယ်။

လူသားများကိုတန်ဖိုးထားခြင်းဆိုတဲ့စံတန်ဖိုးကို လုပ်ငန်းခွင်ထက်ကျော်လွန်ပြီး ဗွီးရှင်းဖန်း(ဒ်)မြန်မာဟာ မိမိတို့ဝန်ဆောင်မှုပေးနေတဲ့ လူမှုအသိုက်အဝန်းတွေမှာရှိသူများရဲ့ ဘဝတွေကို ပြောင်းလဲမှုများဖြစ်စေရန်အတွက် အဓိပ္ပာယ်ရှိတဲ့အစပြုမှုများလုပ်ဆောင်လျက် ဘဏ္ဍာထိန်းကောင်းအဖြစ် ကြိုးစားလုပ်ဆောင်နေပါတယ်။ ကျမတို့ရဲ့ဝန်ထမ်းတွေဟာ ဗွီးရှင်းဖန်း(ဒ်)မြန်မာရဲ့ ဆင်းရဲနွမ်းပါးသူများကို ကူညီလုပ်ဆောင်မှုတွေမှာ အောင်မြင်မှုများရဲ့နောက်ကွယ်က အကြောင်းအရင်းဖြစ်ပါတယ်။ အဲဒါဟာ တန်ဖိုးထားရတဲ့ ဗွီးရှင်းဖန်း(ဒ်)မြန်မာဝန်ထမ်းတွေရဲ့ ဂရုစိုက်မှုနဲ့ အရည်အသွေးမြင့်ဝန်ဆောင်မှုများကြောင့် အောင်မြင်ခဲ့ရခြင်းဖြစ်ပါတယ်။

ဗွီးရှင်းဖန်း(ဒ်)မြန်မာရဲ့ ကတိကဝတ်ဟာ လူတိုင်းကိုတန်ဖိုးထားပြီး အကောင်းဆုံးပါဝင်ခွင့်ရရှိနိုင်တဲ့ ပတ်ဝန်းကျင်ကို ဆက်လက်တည်ဆောက်ရန်နဲ့ ကျမတို့ရဲ့အသင်းသားတွေ၊ ရပ်ရွာလူထုနဲ့ ဝန်ထမ်းတွေအားလုံးဟာ အတူတကွစုံလင်ပြည့်ဝတဲ့ ဘဝများရရှိစေရန် ဖြစ်ပါတယ်။

Our Partners

Our Partners_BIB Logo
BIB
Our Partners_Alterfin logo
Alterfin
Our Partners_Fondation Grameen
Fondation Grameen
Our Partner_YOMA Bank
YOMA BANK
Our Partner_YOMA Bank
MAB
Our Partners_Livelihoods and Food Security Fund
Livelihoods and Food Security Fund
Our Partners_BlueOrchard
BlueOrchard
Our Partner_BIO
BIO
Our Partner_Cordaid
Cordaid
Our Partner_Symbiotics
Symbiotics
Our Partner_ThitsaWorks
ThitsaWorks
Our Partner_Opportunity International
Opportunity International
Our Partner_MFAT
MFAT
Our Partner_Helvetas Myanmar
Helvetas Myanmar
Our Partner_DFAT
DFAT
Our Partner_World Vision
World Vision